Upcoming Events

13 Dec 2015 တွင် ကျင်းပမည့် ၁၅ကြိမ်မြောက် PYAY GTI အာစရိယ ပူဇော်ပွဲတွင် အောက်ပါ အစီအစဉ်များဖြင့် ထည့်သွင်း ကျင်းပ သွားမည်ဖြစ်သည်။

...

Date:
Sunday, December 13, 2015 - 17:00 to 22:30
Place:
MCC, Mindhammah Road, Mayangon T/S, Yangon,Myanmar.

2012 ရွှေပြည်အကြောင်း တစေ့တစောင်း

မောင်လူအေး ရန်ကုန်ကို စက်တင်ဘာမှာ ပြန်ရောက်တယ်။ ပြန်သွားကတည်းက သူကြီးကလည်း မှာပါတယ်။ ဒီကိုရောက်လို့ရှိရင် တွေ့ကြုံရတဲ့ အခြေအနေ အကြောင်းအရာလေးတွေကို Blog post အနေနဲ့ ပြန်ရေးဖို့။ ရေးမယ် ရေးမယ် လုပ်နေပေမဲ့ အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင့် ခုမှပဲ ရေးဖြစ်ပါတယ်။

စိတ်ကူးစိတ်သန်းကောင်းကြသော ကျွန်မ၏ သူငယ်ချင်းများစွာ ( ၁၇ )

ကူညီဖေးမတတ်တဲ့ ကျွန်မရဲ့ သူငယ်ချင်းလေးတွေအကြောင်း အပိုင်း(၁၆)မှာ ရေးတုန်းက ကျွန်မဟာ သူငယ်ချင်း ကံ တော်တော် ကောင်းတဲ့သူပါလို့ ခပ်ကြွားကြွားရေးခဲ့ပါတယ် ။

အဲဒါတကယ်ပါ ။ ကျွန်မရဲ့ သူငယ်ချင်းတွေဟာ ကျွန်မကို အနွံအတာခံကြပြီး ငဲ့ညှာစာနာပေးတတ်ခဲ့ကြတယ် ။ လက်တွဲပြီး ဆွဲခေါ်ပေး ချင်ကြတယ် ။

ခုချိန်အထိပါပဲ ။ လောလောလတ်လတ် အခြေအနေအရ ပြောရမယ် ဆိုရင် ကျွန်မကို အရင်တုန်းက ထက်တောင် ပိုပြီး ဂရုစိုက်ကြင်နာတဲ့ သူငယ်ချင်းတွေရှိနေပါသေးတယ် ။

နံရံကပ်အသည်း

                      ကျွန်မစိတ်တွေသိပ်လှုပ်ရှားနေတယ်မောင်…မောင့်ဆီကိုမလာချင်ဘူး။ဒါပေမယ့်ဒီနေ့အဖို့မောင်နဲ့တွေ့ချင်သေးတယ်။မောင့်ကိုမေးခွန်း

အများကြီးမေးဖို့ကျွန်မအဆင့်သင့်ဖြစ်နေတယ်မောင်။ မောင်မယ်သစ်လွင်ကြိုဆိုစုံညီပွဲမှာနောက်တစ်ယောက်ဘေးနားမှာရှိနေမဲ့

မောင့်ကိုကျွန်မဘယ်လိုရင်ဆိုင်မလဲမောင်။သူငယ်ချင်းတွေစုံညီပွဲကိုလာဖို့အတွက်အလိုအပ်ဆုံးအရာက လက်ဆောင်မဟုတ်လား မောင်

စိတ်ကူးစိတ်သန်းကောင်းကြသော ကျွန်မ၏ သူငယ်ချင်းများစွာ(၁၆)

သူငယ်ချင်းဆိုတာဟာ ကိုယ်နဲ့ ပျော်ရုံပါးရုံ အလွမ်းသင့်ရုံလေးနဲ့ သူငယ်ချင်းဖြစ်လာတာမဟုတ်ပါဘူး ။

သူငယ်ချင်းဆိုတဲ့ အခေါ်အဝေါ်ရဲ့နောက်ကွယ်မှာ ဖော်ပြလို့မရနိုင်လောက်အောင် နက်နဲတဲ့ စေတနာတွေ ၊ သဒ္ဒါတရားတွေ ၊ ကူညီဖေးမမှုတွေ ၊ အနစ်နာခံပေးဆပ်မှုတွေနဲ့ ရာသီဥတုဒဏ်ခံနိုင်တဲ့ မေတ္တာတရားတွေ ပါဝင်နေပါတယ် ။

အဲဒီအရာတွေကလဲ ကိုယ်လိုအပ်လာချိန်မှာ ပြတ်ပြတ်သားသား ထင်ရှားပေါ်လွင်လို့လာတတ်ပါတယ် ။

စိတ်ကူးစိတ်သန်းကောင်းကြသော ကျွန်မ၏ သူငယ်ချင်းများစွာ ( ၁၅ )

နှစ်သစ်ကူးကာလကိုရောက်လာခဲ့ပြန်ပါပြီ..... ။

ကျွန်မက ကျွန်မသိပ်ချစ်တဲ့ ပြည့်စုံအဆောင်လေးဆီကို ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ရောက်ခဲ့တာပေါ့ .. ။ အဲဒါကြောင့် ကျွန်မတို့ new year ကူးခါနီးတိုင်း ကျွန်မအဖြစ်အပျက်ကို ပြန်ပြောရယ်မောခဲ့ကြတယ် ။ ကျွန်မဟာ ပြည့်စုံအဆောင်ရဲ့ နယူးရီယား မင်းသမီးပေါ့ :D ....

ဘယ်လိုရောက်လာရသလဲဆိုတာ ဒီပြည်ဂျီတီအိုင်ဆိုဒ်လေးရဲ့ တစ်နေရာမှာ ရေးခဲ့ပြီးပါပြီ ။ အခု နှစ်ထပ်ရှိမှ မှတ်မိသွားအောင် နဲနဲ ထပ်ပြောရဦးမယ် ။

ပြည်GTI ကျောင်းသားဟောင်း တပည့်များသို့

   ဆရာ၏ ချစ်တပည့်များသို့

****တစ်ချိန်တုန်းက ..... ပြည်GTI

သို့မဟုတ်...ပြည် စက်မှုလက်မှုသိပ်ပံ

ခုတော့.... အတိတ်မှာ ကျန်ခဲ့တာလား

****ဒီဇင်ဘာ (၁၂)ရက်နေ့က ရန်ကုန်ကန်တော့ပွဲ

ပြည်GTIရဲ့ ကျောင်းသားဟောင်းတို့ပွဲ

ဆင်နွဲရောက်တော့....တပည့်စုံ

ပြည်မြို့နဲ့ အမှတ်တရများစွာ(3)

ပြည်မြို့အကြောင်းတွေးလိုက်ရင် အမှတ်ရစရာတွေက အများကြီးပဲ။

ကျောင်းသားဘ၀ရဲ့အရသာက အဲဒီမှာမှ တကယ် ခံစားရတယ်။

အတွေ့အကြုံတွေလည်း အများကြီးရတယ်။

Khittaya မြို့သစ်က အဆောင်မှာနေတုန်းက အဆောင်ရှေ့မှာ အောင်ချမ်းသာဘုရားရှိတယ်။ အဲဒီဘုရားဝင်းထဲမှာ မီးငယ်နတ်နန်းရှိတော့ နတ်ကနားပေးတဲ့ အစဉ်အလာရှိတယ်လေ။

အဲဒီနှစ်က နတ်ကနားပွဲ ကျင်းပတော့ အတွေ့အကြုံရအောင် သွားကြည့်လေ့လာမယ်ဆိုပြီး အားခဲထားတာ။

နဂါးနတ်ဝင်လာတဲ့အချိန်မှာ အဆောင်ပေါ်ကနေ အောက်ထပ်ကို ဆင်းလာပြီး သွားကြည့်ဖို့ စိုင်းပြင်းနေတုန်း အပ်ါထပ်ကနေ ၀ုန်းကနဲ အသံကြားလိုက်ရတယ်။

စိတ်ကူးစိတ်သန်းကောင်းကြသော ကျွန်မ၏ သူငယ်ချင်းများစွာ ( ၁၄ )

အဲဒီတုန်းက နီကိုရဲ ရဲ့ မကြည်ပြာတို့ .. ရိုက်ကွင်းပေါ်က အလွဲများတို့ ခေတ်စားနေချိန်ပေါ့လေ ။

ကျွန်မ မှာလဲ အမြဲတမ်းလွဲတတ်တဲ့ သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးတယ် ။ အမှန်အတိုင်းဝန်ခံရရင် ကျွန်မ  သူ့ကို အရမ်းချစ်ပါတယ် ။

တမင်တကာ မဟုတ်ပေမယ့် အလိုလို လွဲနေတတ်တာ ကိုက ချစ်စရာ ကောင်းနေတာ ။

ွှ့ပြည်မြို့နဲ့ အမှတ်တရများစွာ (2)

ကျောင်းနောက်ကျတော့ စာလည်းလိုက်မမီ။ စိတ်တွေလည်း ညစ်လိုက်တာ။ အရမ်းကြောက်တဲ့ဘာသာရပ်က Apply နဲ့ Drawing ပဲ။ မှတ်မှတ်ရရ Apply စာမေးပွဲဖြေတဲ့နေ့က Apply ဘာသာသင်တဲ့ ဌာနမှုး အခန်းစောင့်တဲ့နေ့ပေါ့။

သုံးပုဒ်ဖြေပြီး ထိုင်နေတာကို ဆရာက သတိပြုမိသွားတယ်။

 ဆက်ဖြေလေလို့ ဆရာက ပြောတဲ့အချိန်မှာ ကျန်တဲ့မေးခွန်းတွေက ဘာတွေမေးလို့မေးထားမှန်းမသိလို့ ၀မ်းနည်းနေတဲ့အချိန်။

ဆရာ့ကို ဒီလောက်ပဲ ရလို့ပါဆရာလို့ ဖြေခဲ့မိပါတယ်။ ကံကောင်းချင်တော့ အဲဒီသုံးပုဒ်နဲ့ပဲ Apply ဘာသာရပ်ကို ကပ်ပြီးအောင်ခဲ့ပါတယ်။

အဲဒါ မှတ်မှတ်ရရပါပဲ။ ဘ၀မှာ အဲဒီလို စာမေးပွဲမှာ ထိုင်နေရတာမျိုးက ဒါပထမဦးဆုံးပါပဲ။

ွှ့ပြည်မြို့နဲ့ အမှတ်တရများစွာ (1)

ပြည်ကို ရောက်တဲ့နေ့မှာ လူသတ်မှုအကြောင်း သိလိုက်ရတဲ့အချိန်မှာ လန့်သွားတယ်။

ကျောင်းအပ်တာနောက်ကျလို့ မနော်ဆူတာလည်း ခံရသေးတယ်။

EP-Lab အခန်းကို မလာခင် ဘိုးတော်နဲ့ ဘုဘောက် ကျရသေးတယ်။

သူက ကိုယ့်ကို ဂျစ်ကန်ကန်ပုံစံနဲ့မို့ တွေ့စတုန်းက ကြည့်မရဘူးလို့ နောက်ပိုင်း ခင်သွားတဲ့ အချိန်မှာ ပြောပြခဲ့ပါတယ်၊

စာတွေလိုက်မမီလို့ EP-Lab အခန်းမှာ စိတ်ပျက်လက်ပျက်နဲ့ စာသင်နေတုန်း အတန်းထိပ်ဆုံးမှာ English Speaking ကို ရွှန်းရွှန်းဝေအောင် ပြောနေတဲ့ ကျောင်းသားနှစ်ယောက်ကို သတိပြုမိတယ်။ အထင်တကြီးနဲ့ကို သတိပြုမိတာပါ၊

Pages

Subscribe to Pyay GTI RSS