Upcoming Events

13 Dec 2015 တွင် ကျင်းပမည့် ၁၅ကြိမ်မြောက် PYAY GTI အာစရိယ ပူဇော်ပွဲတွင် အောက်ပါ အစီအစဉ်များဖြင့် ထည့်သွင်း ကျင်းပ သွားမည်ဖြစ်သည်။

...

Date:
Sunday, December 13, 2015 - 17:00 to 22:30
Place:
MCC, Mindhammah Road, Mayangon T/S, Yangon,Myanmar.

(၁၂) ကြိမ်မြောက်အာစရိယပူဇော်ပွဲ စင်္ကာပူအလှူငွေ စာရင်းချုပ်ပြီးပါပြီ...

(၁၂)ကြိမ်မြောက် အာစရိယ ပူဇော်ပွဲအတွက် စင်္ကာပူမှ အလှူငွေကောက်ခံခြင်းကို

အားနာလိုက်တာ ဆရာရယ် ....

အားနာလိုက်တာ  ဆရာရယ်....

ဆရာ့ ရဲ့ ရပ်ကွက် ဘုရားပွဲမှာ ... တပည့်တွေကို ပွဲထုတ်ချင်လို့ဘဲလား ... ဒါမှမဟုတ် ဝိုင်းနဲ့ အဆိုတော်တွေ ငှားဖို့ ရန်ပုံငွေ မရှိလို့ဘဲလားမသိ ... ဒီ တပည့်တွေကို မှ စင်ပေါ်တင်လိုက်တာ ...

အားနာလိုက်တာ ဆရာရယ် .....

ကတညုတ - သူပြုဖူးသော ကျေးဇူးကို သိခြင်း

အာစရိယပူဇော်ပွဲ..
ဟမ်.... အသံကြားရုံနဲ့ လန့်သွားတယ်မဟုတ်လား..
သိပါတယ်ဗျာ.. ကျွန်တော်လည်းထို့အတူပါပဲ...
မကြောက်ခံနိုင်ယိုးလားဗျာ...
တက်ခဲ့တဲ့ ကျောင်းတွေကအများကြီး..မူလတန်း..
အလယ်တန်း..အထက်တန်း... ဂျီတီအိုင်..ကောလိပ်..စုံလို့
တစ်ကျောင်းတစ်ခါ ဆိုရင်တောင်နည်းဘူးလေ...
ဒီဇင်ဘာလဆိုရင် ခပ်လန့််လန့်ရယ်... ပွဲကစုံတာကိုး..
ထွက်ငွေ များလာရင်ကျောကော့တာပေါ့နှော..
မင်္ဂလာဆောင်တွေကလည်း နှစ်ခု..သုံးခုတော့ရှိမှာပေါ့...
စင်္ကာပူမှာဆိုတော့ ဝင်ငွေထွက်ငွေက ကိုက်နေတာပဲ...

ကြုံဆုံလာတဲ့ ကျွန်မနဲ့ ကျောင်းထဲမှာ (၃)


မစာနဲ့ကျွန်မကျောင်းထဲကနေထွက်လာပြီး တဲ့နောက် ကိုယ့်အဆောင်ကိုယ် ပြန်လည်ကြဖို့  ကိုယ့်ဦးတည်ရာနဲ့ကိုယ် ထွက်လာကြသည် ။

တစ်ချန်တုန်းက ပြည် GTI ရဲ့အမှတ်တရကထိန်ပွဲ

စကားချပ်။    ။ဒီပိုစ့်က ကျွန်မတို့ကို သင်္ချာသင်ပေးခဲ့တဲ့ဆရာကြီး ဦးမြင့်စိုးရဲ့လက်ရာပါ။
                  မနေ့ညက  ဆရာကြီးစာရွက်သုံးရွက်ကိုင်ပြီး ကျွန်မဆီရောက်လာခဲ့ပါတယ်...
                  “မေမျိုး...ငါ့ကိုဒါကို ပြည်ဂျီတီအိုင်ဆိုဒ် မှာတင်ပေးပါ” လို့ပြောပြီးပေးသွားခဲ့ပါတယ်...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တစ်ချိန်တုန်းက ပြည် GTI ဆိုပြီးကဗျာစာစုလေးတစ်ပုဒ်ရေးဖြစ်ခဲ့သည်။ပြည် GTIကျောင်းတော်ကြီးမှာ နှစ်ရှည်လများတာဝန်ထမ်းဆောင်ခဲ့ပါသည်။ကျောင်းသားကျောင်းသူအများစုနှင့် တွေ့ဆုံခဲ့ရတဲ့ဖြစ်ရပ်များကို အမှတ်ထင်ထင် သတိရနေပါသည်။

ကြုံဆုံလာတဲ့ ကျွန်မနဲ့ ကျောင်းထဲမှာ (၂)

ငယ်နဲ့ကျွန်မ တစ်ဆောင်ထဲနေပေမယ့် ငယ်တို့လို စာကြိုးစားသူတွေက ရှေ့ဆုံးတန်းလောက်မှာပဲ ထိုင်လေ့ရှိ၏ ။ ဒီတော့ငယ်နဲ့ ကျွန်မက အဆောင်မှာ အတွဲအများဆုံး ။ ကျောင်းမှာဆို ခပ်တန်းတန်းဖြစ်လို့နေတတ်သည်။

ကြုံဆုံလာတဲ့ ကျွန်မနဲ့ ကျောင်းထဲမှာ (၁)


ကျွန်မ ဒီကျောင်းကို မရောက်ခဲ့တာ ၁၀စုနှစ်တစ်ခုပြည့်ခဲ့ပြီပဲ ။ ခုတော့ နှုတ်ဆက်မယ့်သူလဲမရှိတော့ပြီ ။

တစ်စစီ.....

တစ်စစီ.....

အလွမ်းပွင့်ဝေ ပန်းပွင့်ကြွေလမ်း

ကိုယ်စီလှမ်းလို့ လျှောက်ရပြီ....

အိပ်မက်တပိုင်း အိပ်မက်ရိုင်းလဲ

လှိုင်းထရင်ကွဲ လွဲရပြီ.....

ရှေ့တိုးမရ စိတ္တဇမို့

ရွှေရင်ဆို့ဆို့ ငိုရပြီ....

ပြိုမလိုလို ဆွေးရိပ်ပို

အလွမ်းစိုစို သည်းခဲ့ပြီ.....

ညှို့ညှို့မှိုင်းမှိုင်း နာကျင်တိုင်း

ဒီတံတိုင်းက ခြားခဲ့ပြီ.....

တစ်စစီလေ တစ်စစီ

ချစ်သူ့ပန်းချီ တစ်စစီ.....။ ။

သူစင်ကြယ်

Pages

Subscribe to Pyay GTI RSS