Blogs

မရေးတာကြာလို့ ..ကြုံရာရေးလိုက်တယ်

ရာသီဥတုပူရင်သတိထားနော်

အဲကွန်းကို အရမ်းမအေးစေနဲ့

အသက်ဥာဏ်စောင့်တယ်ဆိုတာ အဲဒါပဲလေ

အရမ်းပူနေတဲ့အချိန် အဲကွန်း အရမ်းအေးတဲ့ ရုပ်ရှင်ရုံမှ မကြည့်သင့်ဘူး

ကားအဲကွန်းကို အရမ်းနှိမ့်မထားသင့်ဘူး..

အပူထဲမှာအနေကြာပြီး ရုတ်တရက် ရေခဲရေနဲ့ မျက်နှာမသစ်သင့်ဘူး

ရေချိုးဖို့ အချိန်ရွေးချယ်သင့်တယ်

မချိုးပဲလည်းမနေသင့်ဘူး

၁၁ ကြိမ်မြောက် ပြည်GTI အာစရိယပူဇော်ပွဲ

ပြည်ဂျီတီအိုင်ရဲ့ ၁၁ ကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၁ခု ဒီဇင်ဘာလ ၁၈ရက်(တနင်္ဂနွေနေ့)က
အောင်အောင်မြင်မြင်နဲ့ ကျင်းပပြီးစီးခဲ့ပါပြီ။
ဆရာကြီး၊ဆရာမကြီးများ ကျောင်းသားဟောင်း၊ကျောင်းသူဟောင်းများလည်း စုံစုံညီညီ တက်ရောက်ခဲ့တာ ဝမ်းသာစရာပါ။
၁၇ ရက်နေ့ နေ့လည် ကတည်းက ရွှေဂုံတိုင်က ယုဇန ဟိုတယ်ကို ပြည်ကနေ ဆရာ၊ဆရာမများကို
ကိုမော်စီတို့၊ကိုထွန်းထွန်းတို့ ကိုယ်တိုင် ယခင်နှစ်များနည်းတူ အာရှExpress နဲ့ခေါ်ဆောင်ခဲ့ဖြစ်ပါတယ်။
ထူးထူးခြားခြား မြင်ရတာက ကိုနေမျိုးအောင် 97-EC နဲ့ ကိုအေးမင်းထွန်း 97-EC တို့ပါ လိုက်ပါလာကြတာပါပဲ။

စိတ်ကူးစိတ်သန်းကောင်းကြသော ကျွန်မ၏ သူငယ်ချင်းများစွာ ( ၁၉ )

 တစ်ခါတစ်ရံတော့ ကျောင်းသားဘ၀က ချစ်ခြင်းမုန်းခြင်း တွေဟာ ဟာသလေးတွေတော့ မြောက်တယ် ။

ပြန်တွေးကြည့်လိုက်တော့ အဲဒီတုန်းက ငိုခြင်း ရယ်ခြင်းတွေဟာ မြတ်နိုးစရာ တကယ်ကောင်းတာပါ ။

အခုခေတ်မှာ ကိုယ့်နယ်က တက္ကသိုလ်မှာပဲ တက်ပြီး အဆောင်နေ ကျောင်းသားဘ၀တွေ ရဖို့ ခဲယဉ်းကုန်ကြတာ နဲနဲတော့ နှမြောတယ် ။

အမှန်က နယ်မြေမတူကြတဲ့ သူတွေ တစ်နေရာထဲမှာ စုပြီး ဆုံဖြစ်ကြတာဟာ ဗဟုသုတလဲရ အတွေ့အကြုံတွေလဲ ဖလှယ်နိုင်သလို တစ်ယောက်နဲ့ တစ်ယောက် ပိုနားလည်နိုင်ကြတာ မဟုတ်လား ။

အဲဒါတွေက တကယ့်လက်တွေ့ဘ၀မှာ မထင်မှတ်ဘဲ အသုံးဝင်လာတာတွေ ရှိတာပေါ့ ။

ကျွန်မကတော့ မတူညီတဲ့ အခေါ်အဝေါ်တွေကြားမှာ ငိုခဲ့ရဖူးတယ် ။

ဒီဇင်ဘာည (18th december ,2011)

ဒီဇင်ဘာည (18th december ,2011)

ပြည် G.T.I ကျောင်သားများရဲ့
အာစရိယ ပူဇော်တဲ့ည..
ဆရာဟောင်းတွေနဲ့ တပည့်ဟောင်းတွေ
ဆုံခဲ့ရတဲ့ည...
နှင်းပွင့်ကလေးတွေ ဝေလို့ ...ပန်းကလေးတွေလန်းနေတဲ့ည  ..။

အဟောင်းတွေလို့ ထင်ခဲ့ရတဲ့
မြင်ကွင်းတွေ...ယခုတော့..အသစ်..
အရင်က ခင်မင်ခဲ့ရတဲ့..ဆရာဟောင်းတွေ
အခုပြန်ဆုံရတော့...အသစ်တွေ ပြန်ဖြစ်ခဲ့..။

မတွေ့ရတာ အနေကြာတဲ့
တပည့်ဟောင်းတွေ......ပြန်တွေ့ရ
သူက .."သူ့ကို သိသေးလား"
ဆရာကတော့...သိနေသေးတယ်
မှတ်မိနေသေးတယ်..ကျောင်းခန်းထဲမှာ
အိပ်ငိုက်တဲ့မင်းကို..ဘယ်မေ့မလဲ...။

တုံးအတဲ့မိန်းမ နဲ့ ထက်မြက်တဲ့မိန်းမ

တုံးအတဲ့မိန်းမ နဲ့ ထက်မြက်တဲ့မိန်းမ

 

...တုံးအတဲ့မိန်းမက ယောက်ျားနဲ့အတိုက်အခံပြုတယ်။

...ထက်မြက်တဲ့မိန်းမက ယောက်ျားကို အားပေးကူညီတယ်။

 

...တုံးအတဲ့မိန်းမက ယောက်ျားရဲ့ချွတ်ယွင်းချက်ကိုပဲ ထိုးဆွပြီး အမြဲစိတ်တိုတယ်။

...ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အားသာချက်ကိုပဲကြည့်ပြီး အမြဲပျော်ရွှင်တယ်။

 

...တုံးအတဲ့မိန်းမက နေရာ၊ အခြေအနေမခွဲဘဲ ယောက်ျားနဲ့ငြင်းခုန်ရန်ဖြစ်တယ်

၊ ယောက်ျားကို လူပုံအလယ်မှာ မျက်နှာသာမဲ့စေတယ်။

EP2000ဘော်ဒါများပြန်ဆက်သွယ်ပေးစေချင်....

အဝေးရောက်နေကြသော သယ်ရင်းများရေ....

အဆက်သွယ်ပြန်ရချင်နေပါသည်...

thargyi.pyay@gmail.com ကို pLs: အက်ပေးကြပါ

စိတ်ကူးစိတ်သန်းကောင်းကြသော ကျွန်မ၏ သူငယ်ချင်းများစွာ ( ၁၈ )

ပြည်မြို့ဟာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး စီးပွားရေး အချက်အခြာကျတဲ့ မြို့တစ်မြို့ပါ ။ မြို့အနေအထားအရလဲ လှပသာယာတဲ့ ရာဇ၀င်မြို့လေး တစ်မြို့သာ ။

ရန်ကုန်ကနေ ပြည်မြို့ကို သွားတဲ့ ကားတွေက ၁၅မိနစ် နာရီဝက်တစ်စီးလောက်ကို ရှိပါတယ် ။ ပြီးတော့ ကားတွေလဲ အများကြီးရှိတာမို့လို့ လက်မှတ်ကြို ဖြတ်မထားလဲ ကြုံရာကားကို တက်စီးလိုက်လို့ရတယ် ။ ဒါပေမယ့် ကားတွေကတော့ လူအမြဲပြည့်နေတာပါပဲ ။

လမ်းတစ်လျှောက်မှာလည်း မြို့တွေက နီးတာကြောင့် ခရီးသွားဝါသနာပါသူတွေအတွက်တော့ လယ်ကွင်းတွေကြည့်လိုက် မြို့စဉ်တွေ ငေးလိုက်နဲ့ ရင်ခုန်စရာကောင်းလှပါတယ် ။

2012 ရွှေပြည်အကြောင်း တစေ့တစောင်း

မောင်လူအေး ရန်ကုန်ကို စက်တင်ဘာမှာ ပြန်ရောက်တယ်။ ပြန်သွားကတည်းက သူကြီးကလည်း မှာပါတယ်။ ဒီကိုရောက်လို့ရှိရင် တွေ့ကြုံရတဲ့ အခြေအနေ အကြောင်းအရာလေးတွေကို Blog post အနေနဲ့ ပြန်ရေးဖို့။ ရေးမယ် ရေးမယ် လုပ်နေပေမဲ့ အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင့် ခုမှပဲ ရေးဖြစ်ပါတယ်။

စိတ်ကူးစိတ်သန်းကောင်းကြသော ကျွန်မ၏ သူငယ်ချင်းများစွာ ( ၁၇ )

ကူညီဖေးမတတ်တဲ့ ကျွန်မရဲ့ သူငယ်ချင်းလေးတွေအကြောင်း အပိုင်း(၁၆)မှာ ရေးတုန်းက ကျွန်မဟာ သူငယ်ချင်း ကံ တော်တော် ကောင်းတဲ့သူပါလို့ ခပ်ကြွားကြွားရေးခဲ့ပါတယ် ။

အဲဒါတကယ်ပါ ။ ကျွန်မရဲ့ သူငယ်ချင်းတွေဟာ ကျွန်မကို အနွံအတာခံကြပြီး ငဲ့ညှာစာနာပေးတတ်ခဲ့ကြတယ် ။ လက်တွဲပြီး ဆွဲခေါ်ပေး ချင်ကြတယ် ။

ခုချိန်အထိပါပဲ ။ လောလောလတ်လတ် အခြေအနေအရ ပြောရမယ် ဆိုရင် ကျွန်မကို အရင်တုန်းက ထက်တောင် ပိုပြီး ဂရုစိုက်ကြင်နာတဲ့ သူငယ်ချင်းတွေရှိနေပါသေးတယ် ။

Pages

Subscribe to RSS - blogs