Blogs

ဆရာဦးမောင်မောင်

GTI သူငယ်ချင်းများအားလုံး ...

EP မှ ဆရာဦးမောင်မောင် 

အာရှတော်ဝင် 
ဒုတိယထပ်
ICU - 3 တွင်

နှလုံးခွဲစိပ် ၊ စက်ထည့် ရပါသည်။ 
ခွဲစိပ်၊ စက်ထည့်ရန် သိန်း(၃၀) ကုန်ကျပါမည်။ 

ထို့ကြောင့် 

အလှူခံချင်ပါသည်။ 

ဦးတင်အေး 78 - C Ph. 095003782
ဦးအောင်မိုး 92 - EP Ph. 095153995
တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

နွားအိုတစ်ရှဉ်း နဲ့ အစ်ကိုအရင်း

ကိုငါးကြော် ငယ်စဉ်က ကြီးတော်တွေက  အမြဲပြောသည် သူတို့ အဖေ
ကျွန်ုပ်၏ အဘိုး ဦးဖိုးထောင်နဲ့ ကျွန်ုပ်မှာ အရွယ်အစား..နေပုံထိုင်ပုံ ပြောပုံ စိတ်ထားတူပါသတဲ့လေ...။
အဘိုးဖြစ်သူကို တွေ့ဖူးဖို့ ဝေးစွ.. အမေတောင် မမီလိုက်။
အမေ ငယ်ငယ်ကပဲ အဘိုးဆုံးပါးသွားလို့  ... အမေတောင် မမြင်ဖူးလိုက်ချေ။
အမေ ဘက်က အဘိုးအဘွားက ရေနံချောင်းနဲ့ နတ်မောက် ကြားက ချိုင်းဆိုတဲ့ ရွာကလေးက။
နှစ်ခါရောက်ဖူးတယ်။ ရွာတောင်ဘက်က ချောင်း၊ မြောက်ဘက်က ကုန်းမြင့် ၊
သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ သာယာပါပေတယ်။
အစားအသောက်လည်းပေါ နေရေးလည်း သာပါတယ်။

Working In A Social Enterprise

၂၀၁၂ တစ်နှစ်လုံး အန်ဂျီအို တစ်ခုမှာ မောင်လူအေး အလုပ်ဝင်ဖြစ်တယ်။ သွားလျှောက်တုံးက ngoinmyanmar website ထဲမှာ တွေ့တာနဲ့ တင်လိုက်တာ။ တင်တာက ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃၁ မှာ တင်ဖြစ်တယ်။ အင်တာဗျူးခေါ်တော့ မေ့လောက်တော့မှ ခေါ်တယ်။ ဖေဖော်ဝါရီလထဲကျမှ ခေါ်တယ်။ အဲဒါနဲ့ အင်တာဗျူးသွားဖြေတယ်။ ဖြေရတာက ကုမ္ပဏီတစ်ခုလုံးရဲ့ ဌာနစုံအောင် ဖြေရတော့ အင်တာဗျူးတွေလည်း အဆင့်ဆင့် ဖြေပြီးရော မတ်လကုန်လောက် ဖြစ်သွားတယ်။ အဲဒါနဲ့ ၂၀၁၂ ဧပြီကို ရောက်သွားပါလေရော။ အလုပ်စ၀င်တော့ ၂၀၁၂ခု သင်္ကြန်အပြီးမှာ စ၀င်ရတယ်။

ကြုံဆုံလာတဲ့ ကျွန်မနဲ့ ကျောင်းထဲမှာ (၅)

အကြံကြီးတဲ့ကျောင်းသူတွေ

ကျောင်းပိတ်ရက်တစ်ရက်တွင်ဖြစ်သည် ။


ကျွန်မတို့အားလုံး ထမင်းစားသောက်ပြီး ပျင်းနေကြတုန်း အင်ကြင်းမှစ၍
"ဟဲ့.. နင်တို့ ကြားဖူးလားမသိဘူး လူ၇ယောက်နဲ့ ကစားရတဲ့ ဂိမ်းတစ်ခုရှိတယ်"
ဟုဆိုသည် ။ ဘာမှန်းသေချာမသိသဖြင့် အားလုံးက မဖြေ။


"ဒီလိုဟ ၇ယောက်ထဲက ၁ယောက်က ပက်လက်အိပ်နေရတယ် ။ မျက်စိလုံးဝမဖွင့်ရဘူး ။လူ၆ယောက်က ၂ယောက်က ခေါင်းရင်း တစ်ဖက်စီ ၂ယောက်က ခါးတစ်ဖက်စီ ၂ယောက်က ခြေထောက်တစ်ဖက်စီမှာ ထိုင်ရတယ် ။ပြီးတော့ လက်ညှိုးနှစ်ဖက်စီက အိပ်နေတဲ့သူရဲ့ ကိုယ်အောက်ကိုသွင်း .."

ကြုံဆုံလာတဲ့ ကျွန်မနဲ့ ကျောင်းထဲမှာ (၄)

အဆောင်က အရင်ကလိုမဟုတ်တော့ဘဲ ပိုပြီး သစ်လွင်လန်းဆန်းလို့နေသည် ။
ကျောင်းသူတွေကလဲ အရင်တုန်းကလို ပြည်ဂျီတီအိုင်က ကျောင်းသူတွေ မဟုတ်တော့ ။
ကျွန်မနေခဲ့ဖူးတဲ့ ထောင့်စွန်အခန်းလေးရဲ့ ပြတင်းပေါက်ကို ပိတ်လျက်သားတွေ့ရသည် ။
အခန်းက ခြံတံခါးဝကို မျက်နှာမူထားတာမို့လို့ ကျွန်မတို့နေစဉ်တုန်းက ဘယ်သူပဲလာလာ အလွယ်တကူ မြင်ရအောင်
အမြဲဖွင့်ထားလေ့ရှိသည် ။ ညဘက်ဂစ်တာလာတီးတဲ့အခါ ဂစ်တာသံကို ပိတ်ကာတားဆီးမိသလို မဖြစ်ချင်သဖြင့် ဘယ်တော့မှ ပိတ်ထားခြင်းမရှိပါ ။ အိပ်ယာဝင်နောက်ကျတတ်ခြင်းကြောင့်လဲ ဒီပြတင်းတံခါးလေးဟာ ညအတော်နက်သည်အထိ မပိတ်တတ်ပါ ။ ခုတော့ ----

Singapore Survey System

စင်ကာပူတွင် Vertical Control & Horizontal Control ပာူ၍ ခေါ်ဝေါ်ပါသည်။

Vertical Control Point (VCP)

Construciton လုပ်ငန်းများတွင် Reduced Level ပာု သုံးစွဲပါသည်။

Reduced Level သည် ပင်လယ်ရေမျက်နှာပြင် အထက် အမြင့် ကို တွက်ချက်ထားခြင်းဖြစ်ပါသည်။

စင်ကာပူတွင် ရေဘူယျအားဖြင့် ပင်လယ်ရေမျက်နှာပြင်အမြင့် 2m to 12 m အထိမြင့်ပါသည်.. (ကမ်းခြေ နှင့် တောင် မပါဝင်ပါ)။

ထိုပင်လယ်ရေမျက်နှာပြင် အထက် အမြင့် (Mean Sea Level) အား +100m ထပ်ပေါင်းထားပါသည်။

ဥပမာ… MSL 2m + 100M = 102m သည် Reduced Level ပာုသုံးပါသည်။

Pages

Subscribe to RSS - blogs